ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုအခြေအနေများအကြောင်း ဆွေးနွေးပွဲ

/ /

ဧရာဝတီတိုင်းဒေသကြီးမှ စီးပွားရေးသတင်း အယ်ဒီတာများနှင့် သတင်းသမားများအတွက် အထူးရည်ရွယ်သော ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ သတင်းသမားများ စီးပွားရေးသတင်းရယူ၊ ရေးသားရာတွင် ကြုံတွေနေရသည့် စိန်ခေါ်မှုများအကြောင်း ဆွေးနွေးပွဲ နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုအခြေအနေများအကြောင်း ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၅ရက်၌ ပုသိမ်မြို့  စွမ်းဟိုတယ်တွင် ကျင်းပမည်ဖြစ်ပါသည်။

စီးပွားရေး အထူးပြု သတင်းသမားများ အနေဖြင့် ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းကြီးများ၊ တိုင်းဒေသကြီး အစိုးရ၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုများ အကြောင်းကို သိရှိနားလည်ကာ သတင်းများ ရေးသားနိုင်ရန် နှင့် ပြည်နယ် နှင့် တိုင်းဒေကြီး အသီးသီးမှ သတင်းသမား ကွန်ရက်များ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် Internews မှ ယင်းသို့သော တွေ့ဆုံဆွေးနွေးပွဲများကို ရန်ကုန်၊ မန္တလေး အပါအဝင် ပြည်နယ် နှင့် တိုင်းဒေသကြီးအချို့တွင် ကျင်းပလျက်ရှိပါသည်။

ဆွေးနွေးပွဲကို အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အစီအစဉ် ပထမပိုင်း၌ “ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုအခြေအနေများအကြောင်း” ကို ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိုးအောင်က လာရောက်ပြောကြားပေးမည်ဖြစ်သည်။

အစီအစဉ် ဒုတိယပိုင်းတွင် ဧရာဝတီတိုင်းအတွင်းရှိ သတင်းမီဒီယာကွန်ရက်များ၏ လက်ရှိ အခြေအနေနှင့် စိန်ခေါ်မှုများ၊ စီးပွားရေးသတင်းရေးသားခြင်း အတွေ့အကြုံများ သတင်းဖြစ်ရပ်များ အပြန်အလှန်ဆွေးနွေးကာ ကွန်ရက်များ ပိုမို အားကောင်းလာစေရေးကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

ယခုဆွေးနွေးပွဲသည် USAID ၏ Private Sector Development Activity (PSDA) အစီအစဉ်ဖြင့် စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

တက်ရောက်လိုသည့် သတင်းသမားများအနေဖြင့် thtun@internews.org /၀၉၄၂၀၁၁၁၇၂၂ သို့ အကြောင်းပြန်ကြားပေးရန် မေတ္တာရပ်ခံပါသည်။

 

ကျင်းပမည့်အစီအစဉ်

နေ့ရက် – ၂၅ ရက်၊ ဇန်နဝါရီလ၊ ၂၀၁၉ (သောကြာနေ့)

အချိန်    – နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီအထိ

နေရာ    – စွမ်းဟိုတယ်၊ ပုသိမ်မြို့။

Facebook Comments