မြစ်ဆုံစီမံကိန်း နှင့် ပတ်သက်ပြီး သိမှတ်ထားသင့်သော အချက်အလက်များ

/ /

မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ပြည်သူလူထုကြားမှာ ပြောဆိုသံတွေ ထွက်လာနေတာမို့ သတင်းကဏ္ဍမှာ စောင့်ကြည့်နေရတဲ့ အချက်တစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် ကိုးကားလို့ ရစေရန် အတွက် မြစ်စုံနဲ ပတ်သက်တဲ့ အချက်အလက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဒေတာများကို မြန်မာပြည် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအာလျပ်စစ် ကုမ္ပဏီလိမီတက်မှ ထုတ်ပြန်ချက်များမှ ကောက်နုက်ချက် ဖြစ်သည်။

ဧရာဝတီမြစ်ဆုံ အထက်ပိုင်း ရေအားလျပ်စစ်စီမံကိန်းဆိုတာ မလိခနဲ့ မေခ မြစ်တို့ ဆုံစည်းရာ နေရာ တစ်ခုတည်းမှာသာ မဟုတ်ဘဲ မြစ်ဆုံ၊ချီဗွေ၊အူဆောက်၊ဖီဇော်၊ခေါင်လောင်ဖူ၊ လာဇာ၊ ယီနန် စတဲ့ ရေကာတာတွေနဲ့ စီမံကိန်းတည်ဆောက်ခြင်းအတွက် တည်ဆောက်ထားတဲ့ ချီဗွေငယ် စက်ရုံ တစ်ခု တို့ပါဝင်ပါတယ်။ နှစ်စဉ်ထုတ်လုပ်သော ဓါတ်အားပမာဏာဟာ ဘီလျံယံကီလီုဝပ်နာရီ(၁၀၀) ရှိတာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုးက အမေရိကန်ဒေါ်လာသန်း(၂၀၀၀၀) ရှိတယ် လို့ ဆိုပါတယ်။

မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်လာရခြင်း ရည်ရွယ်ချက်က မြန်မာနိုင်ငံကို လျပ်စစ်ဖြန်ဖြူးပေးရန် မဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ လျပ်စစ် လိုအပ်ချက်အပေါ် မူတည်ကာ ထုတ်လုပ်ရောင်းချနိင်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်း နှင့် တရုတ်နိုင်ငံဟာ ကီလိုမီတာ(၁၀၀)ခန့်သာ ကွာဝေးတာ ဖြစ်တာမို့ ထိုစဉ်က တရုတ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ရည်မှန်းကာ ၂၀၀၉ ခုနှစ်မှာ တရုတ်နဲ့ မြန်မာ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

၂၀၀၉ ခုနှစ် သဘောတူစာချူပ်အရ မြန်မာဟာ မြစ်ဆုံစီမံကိန်းအတွက် ငွေကြေးအရင်းအနှီးထည့်ဝင်စရာ မလိုဘဲ ရင်းနှီးမြှုပ်နှံသူဘက်ကသာ  အားလုံးတာဝန်ယူရမှာ ဖြစ်ပြီး အထူးခွင့်ပြုချက် သက်တမ်းကာလအတွင်း လျပ်စစ်ထုတ်ယူရရှိမူရဲ့ (၁၀)ရာခိုင်နူန်းကို အခမဲ့ ရရှိမည် လို့ ဆိုပါတယ်။ အဲဒီ့နှုန်းထားက ဓါတ်အားပမာဏ (၁၀)ဘီလျီယံကီလိုဝပ်နာရီ ရှိပါတယ်။ (၁၅)ရာခိုင်နူန်းကို ရှယ်ယာ အဖြစ် ရရှိမှာ ဖြစ်ပြီး ကုန်သွယ်ခွန် နဲ ဝင်ငွေခွန် အားလုံးကိုလည်း ရရှိမယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက နှစ်(၅၀) ပိုင်ဆိုင်ခွင့် ရှိမှာ ဖြစ်ပြီး အဲနောက်မှာ မြန်မာအစိုးရက ပိုင်ဆိုင်မှာလို့ ဆိုပါတယ်။  BOT စာချူပ် အရ မြန်မာနိုင်ငံဟာ အမေရိကန်ဒေါ်လာ(၅၄)ဘီလျီယံခန့်ကို အကျိုးအမြတ် ရမှာလို့ ဖော်ပြထားပါတယ်။

မြစ်ဆုံစီမံကိန်းကို တည်ဆောက်ဖို့ အတွက် မြန်မာနိုင်ငံဟာ ၁၅၉၂ ခုနှစ်ကတည်းက ရည်ရွယ်ချက် ရှိနေတာဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာ ဂျပန်နိုင်ငံ KEPCO Company က  မိုးလေဝသစခန်းကို တည်ဆောက်ပြီး ကွင်းဆင်းလေ့လာခဲ့ပါတယ်။ တပြိုင်နတ်ထဲမှာပဲ မြန်မာနိုင်ငံ လျပ်စစ်လုပ်ငန်း နှင့် ဆည်မြောင်းဝန်ကြီးဌာနက မြစ်ဆုံ အထွေထွေ ဆည်မြောင်းလုပ်ငန်း စီမံကိန်းကို ရေးဆွဲခဲ့ပါတယ်။

၂၀၀၅ခုနှစ် ဧပြီလမှ ၂၀၀ရ ခုနှစ် တွင် ChangJiang Surevy Planning Design and Research Limited Co. (CISPDR)ဟာ မြစ်ဝှမ်းရေအားလျပ်စစ်စီမံကိန်း ဒီဇိုင်းကို ရေးဆွဲပြီးခဲ့ပါတယ်။

မြစ်ဝှမ်းရေအားလျပ်စစ်စီမံကိန်း တည်ဆောက်သည့်အတွက်  ပတ်ဝန်းကျင်အကျိုးသက်ရောက်မှုကို ဆန်းစစ်ခြင်း အစီရင်ခံစာကို ၂၀၀၉ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး ၂၀၁ဝခုနှစ် ဇန်ဝါရီလမှာ မြန်မာအစိုးရက Report ထုတ်ခွင့် ပြုလိုက်ပါတယ်။

၂၀၀၉ခုနှစ် ဩဂုတ်လမှ ဒီဇင်ဘာလအထိ CISPDR ကနေ မြစ်ဝှမ်းအဆင့်ဆင့် စီမံကိန်း၏ ငလျင်ကြီးကြပ်ရေး နှင့် တိုင်းတာရေးစနစ်တို့ကို ခန့်မှန်းဒီဇိုင်းဆွဲခဲ့ပြီး Seismologic Network ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ စုစုပေါင်း Seismologic Stations အနေနဲ့ စုစုပေါင်း(၂၅)ခုကို  မလိခ နဲ့ မေခ မြစ်လမ်းကြောင်း တစ်လျောက်မှာ ထားရှိပါတယ်။

မြစ်ဆုံ ရေအားလျပ်စစ်တည်ဆောက်ရေး စီမံကိန်းဟာ အတော်ကို ကြီးမားတဲ့ စီမံကိန်း တစ်ခု ဖြစ်ပြီး သူတို့ တပ်ဆင်ဆောင်ရွက်မယ့် စက်တပ်ဆင်အင်းအားဟာ 750 MW ရှိတဲ့ စက်(၈)လုံး ပါရှိပါတယ်။ တံမံအမြင့်ဟာ ၁၃၉.၅ မီတာ မြင့်ကာ ရေလှောင်ကန်ဆန့် အဝင်းသည် (၁၃.၂၈၂)ဘီလျီကုဗမီတာ ရှိမယ် လို့ ဆိုပါတယ်။ တံမံ တည်ရှိရာနေရာမှာ နှစ်စဉ် ရေစီးပမာဏာသည် (5020)m3/s ရှိကာ နှစ်စဉ် ရွှံ့သဲများ ပါသော ပမာဏသည် (0.34)kg/m3 ရှိပါတယ်။

ဒီဇိုင်းလျံတက်ရေသည် (51000)m3/s ရှိပြီး စီစစ်ပြီး လျံတက်ရေသည် (68800)m3/s ရှိကာ ငလျင်ဒါဏ်ကို ကာကွယ်နိုင်သည့် အဆင့်သည် (၉) ရှိပါတယ်။ တည်ဆောက်ရန် ကာလအားဖြင့်တော့ (၉၆)လ လိုအပ်တယ်လို့ ဆိုပါတယ်။

မြစ်ဆုံ အနီးတဝိုက်မှာ အကွာအဝေး(၂၅)ကီလိုမီတာ မှာ လှုပ်ရှားသည့် အက်ကွဲကြောင်း မရှိဘူး လို့ ဆိုတယ်။ ငလျင်ကြီး ဖြစ်ပွားနိုင်သည့် အင်းတော်ကြီး အက်ကွဲကြောင်း နှင့် (၇၇)ကီလိုမိတာ အကွာအဝေးတွင် တည်ရှိပါတယ်။ အင်းတော်ကြီးမှာ ငလျင်အဆင့်(၇) ရှိတဲ့ အကြီးဆုံးငလျင်ကြီး လှုပ်ခဲ့ဖူးတယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက ၂၀၁၉ ခုနှစ် Invest Myanmar Summit 2019 မှာ ပြောကြားခဲ့တာကိုပါ တွဲပြီး ဖော်ပြလိုက်ပါတယ်။

“တကယ်တမ်းကြတော့ မြစ်ဆုံလို့သာမြင်တာ ဒီဥစ္စာကြီးက ရေကာတာတခုတည်းမဟုတ်ဘူး။ အဆက်ဆက် ပရောဂျက်ဖြစ်တယ်။ အဲဒီဟာ ဘယ်နေရာကို ဘယ်ပမာဏနဲ့လုပ်လိုရမလဲဆိုတာ လုပ်တဲ့အခါမှာလည်း ပတ်ဝန်းကျင် မထိပါးအောင်လုပ်ရမယ်၊ အဲ့မှာနေတဲ့ သူတွေလည်းအကျိုးမယုတ်စေရဘူး။ ဆိုတော့ ဒါတွေကို စီစဉ်တဲ့အခါ အချိန်ယူပြီးစီစဉ်ရတယ်။ ဒီဟာကို စစ်ဆဲဖြစ်ပါတယ်။ နောက်ပြီးရင် တရားမျှတရမယ်။ ဒီလူတွေရင်းနှီးမြှုပ်နှံပြီး ဘယ်လိုလုပ်ကြမလဲ အဖြေရှာရမယ်။ အဖြေရှာရမယ်ဆိုတာ အာဒီမှာလုပ်နေတဲ့ အနေအထားကို ပမာဏကို ဘေးကျိုးမရှိတဲ့ အရွယ်ကိုပြောင်းမလား။ နေရာပြောင်းမလား ဒါကို ညှိနှိုင်းနေပါတယ်။ နေရာလည်းပြောင်းကောင်းပြောင်းမှာပေါ့။ မြန်မာနိုင်ငံမှာတော့ ရေအားလျှပ်စစ်စံမံကိန်းလုပ်လို့ရတဲ့နေရာတွေ အများကြီးရှိတယ်။”

သတင်းထောက်များ မြစ်ဆုံ သတင်းရေးသားရာတွင် အထောက်အပံ့ ဖြစ်စေရန် ရည်ရွှယ်ပြီး တချို့အချက်အလတ်များကို ကောက်နုက်တင်ပြခြင်းသာ ဖြစ်ပါတယ်။

Facebook Comments