ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ထားသည့် ချင်းပြည်နယ်မှ ရေအားလျပ်စစ် စီမံကိန်းများ

/ /

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ချင်းပြည်နယ် အတွင်းရှိ မြစ်ချောင်းတို့တွင် ရေအားလျပ်စစ်ထုတ်ယူနိင်ရန်အတွက် ဖိတ်ခေါ်နေတာတွေ ရှိပါတယ်။ လျပ်စစ်(၃၀)မီဂ္ဂဝပ် အထက် ရရှိနိုင်မည့် ရေအားလျပ်စစ်ထုတ်လုပ်မှု လုပ်ငန်း(၉)ခု၊ (၁၀)မဂ္ဂဝပ်ကနေ (၃၀)မီဂ္ဂဝပ် အတွင်း ထုက်ယူ ရရှိနိုင်မည့် လုပ်ငန်း(၃)ခု နဲ အသေးစားရေအားလျပ်စစ် ထုက်လုပ်နိင်မည့် လုပ်ငန်း(၁၆)ခု မှာ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ကြဖို့  ဖိတ်ခေါ်ထားပါတယ်။

မီဂ္ဂဝပ်(၆၀၀) ရရှိနိင်တဲ့ လမ်ရို(Lemro) စီမံကိန်းဟာ ပလက်ဝမြို့ လေးမြို့မြစ်ပေါ်မှာ တည်ရှိတာ ဖြစ်ပြီး တည်ဆောက်ဖို့ လေ့လာနေဆဲ အဆင့်မှာပဲ ရှိပါတယ်။

မဏီပူရ် လျပ်စစ်ထုတ်လုပ်ရေးစီမံကိန်းကတော့ ဖလမ်းမြို့ကနေ (၂.၅)မိုင်အကွာမှာ တည်ရှိပြီး မဂ္ဂဝပ်(၃၈၀)ကို ထုတ်ယူနိုင်မှာ ဖြစ်ပြီး လက်ရှိမှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ဗာ(Vaar) Manipur စီမံကိန်းကတော့ဖလမ်းမြို့ မဏီပူရ် မြစ်ပေါ်မှာ တည်ရှိတာ ဖြစ်ပြီး မီဂ္ဂဝပ်(၃၂၀) ရရှိနိုင်မှာ ဖြစ်ကာ ဆောင်ရွက်ဖို့ စီစဉ်ဆဲအဆင့်မှာပဲ ရှိပါသေးတယ်။

Mil Chang စီမံကိန်းကတော့ ပလက်ဝမြို့ ကုလားတန်မြစ်ပေါ်မှာ တည်ရှိပြီး မီဂ္ဂါဝပ်(၂၀၀) ကို ရရှိနိုင်မှာ ဖြစ်ပါသလို့ စီစဉ်ဆဲ အဆင့်ပါ။

Naak zang (manipur)စီမံကိန်းကလည်း တွန်းဇံမြို့ မဏိပူရ် မြစ်ပေါ်မှာ တည်ရှိပြီး မီဂ္ဂဝပ်(၂၄၀) ရရှိနိင်မှာပါ။

Darling(bawinu)စီမံကိန်းဟာလည်း မတူပီမြို့ Bawinu မြစ်ပေါ်မှာ တည်ရှိတာ ဖြစ်ပြီး မီဂ္ဂဝပ်(၂၄၀) ရရှိမှာပါ။

Lai Tui (Manipur)စီမံကိန်းဟာလည်း တီးတိန်မြို့ မဏီပူရြ်မစ်ပေါ်မှာ တည်ရှိတာ ဖြစ်ပြီး မီဂ္ဂဝပ်(၂၈၀)ကို ရရှိမှာပါ။

Naring(Boinu)စီမံကိန်းဟာ ထန်တလန်မြို့ Bawinu မြစ်ပေါ်မှာ တည်ပြီး မီဂ္ဂါဝပ်(၈၅)ကို ရရှိမှာပါ။

မတူပီ(Lemro)စီမံကိန်းဟာ မတူပီမြို့ လေးမြို့မြစ်ပေါ်မှာ တည်ရှိပြီး မီဂ္ဂါဝပ်(၆၀)ကို ရရှိမှာ ဖြစ်ပါတယ်။

Lemro project နဲ Manipura Hydropower project နှစ်ခုသာ အကောင်အထည်ဖော်ရန် ဆောင်ရွက်နေပြီး ကျန်စီမံကိန်းတွေကတော့ ရင်းနှီးမြှုပ်နှံသူတွေကို ရှာဖွေဆဲ အဆင့်ပါ။ အားလုံးပေါင်းလိုက်ရင် မီဂ္ဂါဝပ်(၂၄၀၀)ကျော် ရရှိမယ့် အနေအထားပါ။

မီဂ္ဂါဝပ်(10)ကနေ (၃၀)ကြားရှိတဲ့ စီမံကိန်းတွေကတော့ ရေဇွာမြို့မှာ ရှိတဲ့ Bowinu မြစ်ပေါ်က မီဂ္ဂဝပ်(၁၅-၃၀)ကြားရှိတဲ့ Ywavar စီမံကိန်း၊ဟားခါးမြို့ နားက မီဂ္ဂါဝပ်(၃၀)ထုပ်ယူနိုင်မယ့် Buan Lung(Bawinu )စီမံကိန်းနဲ့အတူ မီဂ္ဂါဝပ်(၁၀)ထုပ်ယူနိုင်မယ့် Ti Mit (bowinu)စီမံကိန်းတို့ ဖြစ်ပါတယ်။

အဆိုပါ ပရောဂျက်တွေမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ အနေနဲ့ အခွန်ကင်းလွက်ခွင့်(၇) နှစ်အထိ ရရှိမှာ ဖြစ်ပြီး  ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထားဆဲ အဆင့်တွင် တည်ရှိနေတုန်းပါ။

လတ်တလောမှာတော့ အဆိုပါရေအားလျပ်စစ် ထုက်လုပ်ရေး စီမံကိန်း အများစုကို ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ဆဲ အဆင့်မှာ ပဲ ရှိသေးပြီး ၂၀၁၉ ခုနှစ် မတ်လ  ရန်ကုန်မြို့ MCC ခန်းမမှာ ကျင်းပပြုလုပ်မယ့် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ပွဲမှာလည်း ဖော်ပြ ဖိတ်ခေါ်သွားဖို့ ရှိနေပါတယ်။

သူတို့ ဖိတ်ခေါ်နေတာဟာ ၂၀၁၆ ခုနှစ်လောက်ကတည်းက ဖြစ်ပြီး ၂၀၁၉ ခုနှစ်အထိ ရင်းနှီးမြှုပ်နှံသူ လာရောက်ခြင်း မရှိသေးပါဖူး။ ပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေကို လက်တွန့်သွားစေတဲ့ အချက်တခုက မြေယာပြသာနာ ဖြစ်ပါတယ်။ ဒီအချက်ဟာ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍာအပေါ်မှာပါ အကျိုးသက်ရောက်မှု ကြီးနေတာကို တွေ့ရတာမို့ မြန်မာနိုင်ငံဟာ မြေယာပြသာနာကြောင့် ရင်းနှီးမြှုပ်နှံသူတွေကို လက်တွန့်စေတဲ့ နေရာ အဖြစ် ရောက်ရှိလာနေပြီ လို့ ဆိုရမှာပါ။

ရေအားလျပ်စစ် ထုက်လုပ်ရေးနဲ ပါတ်သက်ပြီး သတင်းမေးမြန်းချင်တယ် ဆိုရင်

ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွန်ကြားရေးဦးစီးဌာနမှ

ညွန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး 09264558783

ချင်းပြည်နယ် လျပ်စစ်အင်ဂျင်နီယာမှူး ဦးအုန်းကျော်  092451043

 

Facebook Comments