uab bank မှ ချေးငွေပြန်ဆက်ရန်သက်သာခွင့်များ ပေးမည်

/ /

ရန်ကုန်၊ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၄) ရက် – Euromoney မှ မြန်မာ့အကောင်းဆုံးဘဏ်အဖြစ် အသိအမှတ်ပြုခြင်းခံရသော uab bank သည် ယနေ့တွင် COVID-19 ကြောင့် ထိခိုက်နစ်နာမှုရှိသော customer များအား ၎င်းတို့၏ ချေးငွေများ ပြန်လည် ပေးဆပ်ရာတွင် ကာလတို ငွေစီးဆင်းမှုပြဿနာများကို လျှော့ချပေးနိုင်ရန် အတွက် ငွေကြေးဆိုင်ရာ သက်သာခွင့် အစီအစဥ်များအား ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

အဆိုပါ အစီအစဥ်များတွင် ထိခိုက်နစ်နာမှုအများဆုံးခံရသည့် ကဏ္ဍများမှ customer များ၏ ချေးငွေပြန်ဆပ်မှုများအား ၆လတာ ကာလအထိ ဆိုင်းငံ့ပေးထားခြင်း၊ လက်ရှိချေးငွေများနှင့် ပတ်သက်၍ ပြန်လည်ပြင်ဆင်သတ်မှတ်ခြင်းများနှင့် ထပ်တိုး ဘဏ္ဍာရေးအထောက်အပံ့ပေးခြင်းများလည်း ပါဝင်ပါသည်။

Facebook Comments