အစိုးရ-ပုဂ္ဂလိက ပူးပေါင်း​​​ဆောင်ရွက်မှု ဆိုင်ရာ သိကောင်းစရာ

/ /
credit - PPP Myanmar

credit - PPP Myanmar

ပြီးခဲ့တဲ့ ရက်ပိုင်းတွင်းမှာ Myanmar Sustainable Development Plan၊ New Yangon Development Company Ltd (NYDC) စတဲ့ မူဝါဒတွေ၊ စီမံကိန်းတွေကို အစိုးရက ထုတ်ပြန်ခဲ့တာတွေနဲ့ ပက်သက်ပြီး Public-Private Partnerships (PPP) “အစိုးရ-ပုဂ္ဂလိက ပူးပေါင်း​​​ဆောင်ရွက်မှုများ” အပေါ် စိတ်ဝင်စားမှုပိုမို မြင့်တက်လာတာ၊ ဝေဖန်သုံးသပ်ချက်တွေ ထွက်ပေါ်လာတာကို တွေ့ရှိကြမှာပါ။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတွေ စတဲ့ အကြောင်းအရာတွေကို သတင်းတင်ဆက်ရာမှာ မြန်မာနိုင်ငံရဲ့ PPP ကဏ္ဍ၊ PPP မူဝါဒ နဲ့ စီမံကိန်းတွေကို သတင်းသမားတွေ လေ့လာဖတ်ရှုနိုင်ဖို့ Banda Post ကနေ စုစည်းပေးလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံအစိုးရက တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး ကဏ္ဍ တိုးတက်ဖွံ့ဖြိုးနိုင်ဖို့ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း​​​ဆောင်ရွက်မှုတွေကနေ တဆင့် အခြေခံအဆောက်အအုံတွေနဲ့ ဝန်ဆောင်မှုတွေ ထောက်ပံ့သွားနိုင်ရေးကို ရေရှည်ရည်မှန်းချက် အဖြစ် ချမှတ်ထားတာ ဖြစ်ပါတယ်။ အစိုးရရဲ့ ကာလလတ် ရည်မှန်းချက်ကတော့ PPP တွေရဲ့ အခန်းကဏ္ဍကို ွှအားပေးအားမြောက် ပြုနိုင်မယ့် ဝန်းကျင်တစ်ခု ဖွံ့ဖြိုးနိုင်ရေးနဲ့ ကနေဦး PPP စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ဖို့တို့ပဲ ဖြစ်ပါတယ်။

ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက် ဘာကြောင့် PPP ကို ရွေးချယ်တာလဲ ဆိုတာနဲ့အတူ မြန်မာနိုင်ငံရဲ့ PPP မူဝါဒ နဲ့ စီမံကိန်းတွေ ကို အသေးစိတ် သိရှိနိုင်ဖို့အတွက် ဖော်ပြထားတဲ့ link တွေကနေ သွားရောက် လေ့လာနိုင်ပါတယ်။

http://www.pppmyanmar.gov.mm/sites/default/files/Myanmar%20PPP%20Policy%20Document%20-%20Draft%20for%20Consultation.pdf

http://www.pppmyanmar.gov.mm/my/projects

http://www.pppmyanmar.gov.mm/my

https://pppknowledgelab.org/countries/myanmar

https://bandapost.org/financing-infrastructure-development-and-public-private-partnership-ppp-framework-for-myanmar/

Facebook Comments