မြန်မာ့ကျောက်စိမ်း တွင်းဝမှ ဈေးကွက်သို့ အဆင့်ဆင့်ဝင်ရောက်ပုံ

/ /

မြန်မာ့ကျောက်စိမ်း တွင်းဝမှ ဈေးကွက်သို့ အဆင့်ဆင့်ဖြတ်သန်းပုံခေါင်းစဉ်နဲ့ မြန်မာ့ကျောက်စိမ်းဈေးကွက်အခြေအနေ၊ တူးဖော်ထုတ်လုပ်မှုပတ်သက်တဲ့ အစီရင်ခံစာကို သယံဇာတပွင့်လင်းမြင်သာမှုအဖွဲ့(NGRI)က သုတေသနပြုထားတဲ့ အစီရင်ခံစာဖြစ်ပါတယ်။
မြန်မာ့ကျောက်စိမ်းလုပ်ငန်းဟာ နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ ချီ ဝင်ငွေရရှိတဲ့လုပ်ငန်းဖြစ်သော်လည်း အမြတ်အစွန်းအစိတ်အပိုင်း အနည်းငယ်သာလျှင် နိုင်ငံသားများအတွက် ကောင်းကျိုးဖြစ်ထွန်းစေပြီး အဂတိလိုက်စားမှု၊ ပဋ္ဋိပက္ခများနှင့် လူမှုရေးပြဿနာများကို ဖြစ်စေပါတယ်။
ကမ္ဘာ့ကျောက်စိမ်း ၉၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက ထုတ်လုပ်ပါတယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ အဓိက တူးဖော်ထုတ်လုပ်ပါတယ်။
ကျောက်စိမ်းတူးဖော်ထုတ်လုပ်ခွင့်ရထားတဲ့ ကုမ္ပဏီ ရာနဲ့ချီပြီး ရှိပါတယ်။ ကုမ္ပဏီတွေဟာ ကုမ္ပဏီတစ်ခုချင်း သို့မဟုတ် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနဲ့ အကျိုးတူပူးပေါင်းလျက်ရှိတဲ့ ကုမ္ပဏီတွေပဲဖြစ်ပါတယ်။
မြန်မာကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ပုဂ္ဂလိကကုမ္ပဏီများနဲ့ အကျိုးတူလုပ်ငန်းများ ဆောင်ရွက်ရာမှာ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ရှယ်ယာရှင်အဖြစ်ပါဝင်ပါတယ်။ စည်းကမ်းပိုင်း ကြီးကြပ်ခြင်းနဲ့ အခွန်ကောက်ခံခြင်းတွေလည်း ပြုလုပ်ပါတယ်။
၂၀၁၆ အစောပိုင်းထိ စာရင်းများအရ သက်တမ်းမကုန်သေးတဲ့ ကျောက်စိမ်းတူးဖော်ခွင့် ပါမစ် ၂၁၀ဝ၀ ရှိတယ်။ ၂၀၁၆ နှစ်လည်ပိုင်းမှာ ပါမစ်အသစ်များ ချထားပေးခြင်း၊ သက်တမ်းတိုးပေးခြင်း တို့ကို ရပ်ဆိုင်းလိုက်ချိန်မှစပြီး အရေအတွက် ကျဆင်းလာတယ်။ ပါမစ်အရေအတွက် လျော့ကျသွားသည့်တိုင်အောင် အစိုးရအနေနဲ့ ကျောက်စိမ်းတွင်းတွေကို ထိရောက်စွာ ကြီးကြပ်နိုင်ခြင်းမရှိသေးပါ။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ချထားပေးခဲ့တဲ့ ကျောက်စိမ်း တူးဖော်ခွင့်ပါမစ် ဧရိယာမှာ ဧက ၃၂၀ဝ၀ ကျော်ဖြစ်ပါတယ်။ ဘောလုံးကွင်းပေါင်း ၂၄၀ဝ၀ စာ အကျယ်အဝန်းဖြစ်ပါတယ်။
အစီရင်ခံစာ အပြည့်အစုံဖတ်ရှုရန်-

Facebook Comments