မွန်ပြည်နယ်မှာ အမှိုက်ကနေ လျှပ်စစ်နှင့် အပူစွမ်းအင် ထုတ်လုပ်မည့် စီမံကိန်းအကြောင်း သိကောင်းစရာ

/ /


အနောက် ဥရောပ နိုင်ငံတစ်ခုဖြစ်သည့် ဖင်လန်နိုင်ငံသည် အမှိုက်ကနေ လျှပ်စစ်နှင့် အပူစွမ်းအင်း ထုတ်လုပ်မည့် စီမံကိန်း တစ်ခုကို မွန်ပြည်နယ် လာရောက် ရင်းနှီးမြှုပ်နှံမှု ရှိနေသည်။
ဖင်လန်နိုင်ငံက BIOKOSKI Ltdသည် စွန့်ပစ်အမှိုက်ကနေ လျှပ်စစ်နှင့် အပူစွမ်းအင် ထုတ်လုပ်မည့် စီမံကိန်းကို မွန်ပြည်နယ် အစိုးရနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် ပြီးခဲ့သည့် မတ်လ ၁၅ ရက်က နားလည်မှု စာချွန်လွှာ MOU လက်မှတ်ရေးထိုးထားသည်။
ကုမ္ပဏီသည် စွန့်ပစ်အမှိုက်ကို မော်လမြိုင်မြို့ မုရောင် အမှိုက်ပုံကနေ ယူဆောင် အသုံးပြုဖို့ စီစဉ်ထားပြီး လုပ်ငန်းကိုလည်း နောက်နှစ်နှစ်အတွင်း စတင်သွားဖို့ရှိနေသည်။ မော်လမြိုင်မြို့သည် နေ့စဉ် စွန့်ပစ်အမှိုက် တန်ချိန် ၆၀ မှ ၁၀ဝ အထိ ထွက်ရှိနေပြီး ယင်းပမာဏသည် ကုမ္ပဏီအတွက် လျှပ်စစ်နှင့် အပူစွမ်းအင်း ထုတ်လုပ်ရန် လုံလောက်သည်ဟု ကုမ္ပဏီက ဆိုထားသည်။
ကုမ္ပဏီသည် ယခု စီမံကိန်းအတွက် ယူရို ၁၅ သန်းကျော် ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပြီး၊ လျှပ်စစ်ဓာတ်အား 4 MW ကနေ 20 MW အထိ ထုတ်လုပ်ဖို့ ရှိနေသည်။ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို ရော်ဘာစီးတီး စီမံကိန်းရှိ စက်ရုံများကို တစ်ယူနစ် ၂၀ဝ ကျပ်နှုန်းဖြင့် ရောင်းသွားဖို့ စီစဉ်ထားသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ကတော့ ပတ်ဝန်းကျင် ထိခိ်ုက်မှု မရှိစေရေးအတွက် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု EIA SIA အပြင် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် EMP ကိုပါ ရေးဆွဲ လုပ်ဆောင်ခိုင်းသွားမည်ဟု ဆိုထားသည်။
ကုမ္ပဏီသည် စွန့်ပစ်အမှိုက်ကနေ လျှပ်စစ် ဓာတ်အားကိို EU နည်းပညာ လုပ်ဆောင်သွားရန် ရှိနေသည်။
စီမံကိန်းနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များကို ယင်းကုမ္ပဏီ ဒါရိုက်တာ ဦးစိုးသီဟ၊ ဖုန်း 098727623 ကိုလည်း ဆက်သွယ် မေးမြန်းနိုင်သည်။

Facebook Comments