မွန်ပြည်နယ် အစိုးရ ထူထောင်မည့် ရော်ဘာစီးတီး နောက်ဆုံး အခြေအနေ

/ /

မွန်ပြည်နယ် အစိုးရသည် ရော်ဘာကဏ္ဍဖွံ့ဖြိုးရေးအတွက် ရော်ဘာစက်မှုဇုန်(သို့) ရော်ဘာစီးတီး စီမံကိန်း တစ်ရပ်ကို အကောင်အထည်ဖော် တည်ဆောက်ရန် ကြိုးပမ်းနေသည်။
အဆိုပါ ရော်ဘာစီးတီး စီမံကိန်းကို မုဒုံမြို့ နယ် ခပ်ရခပ်ယူဘုရား အနောက်ဘက်ရှိ မြေဧကပေါင်း ၃၆၈ ဧက ပေါ်မှာ အကောင်အထည် ဖော်ရန် စီစဉ်နေခြင်း ဖြစ်သည်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက စီမံကိန်း၏ တင်ဒါခေါ်ယူမှု လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း MSDP လုပ်ငန်းစဉ်နှင့် အညီ တင်ဒါ ခေါ်ယူသွားမည်ဟု ပြီးခဲ့သည့် လပိုင်းကမှ ပြောဆိုထားသည်။
တင်ဒါ ခေါ်ယူသည့် နေရာမှာလည်း အကြောင်းအကျိုး ခိုင်လုံပါက မည်သည့် လုပ်ငန်းမဆို ခွင့်ပြုပေးသွားမှာ ဖြစ်ပြီး၊ လုပ်ငန်းအများစုမှာ MSDP လုပ်ငန်းစဉ်နှင့် ညီညွှတ်ဖို့ လိုအပ်သည်ဟု ဆိုထားသည်။
ထို့အပြင် စီမံကိန်း မြေနေရာမှာ သောက်သုံးရေ အလုံအလောက်ရရှိနိုင်သလို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး လျှပ်စစ်မီး ၂၄ နာရီ အပြည့်အဝ ပေးနိုင်ရန် မွန်ပြည်နယ် အစိုးရက စီစဉ်နေသည်။
စီမံကိန်းအတွက် ပြည်တွင်း လုပ်ငန်းရှင်များကို မြေတစ်ဧက ပျမ်းမျှ ငွေကျပ် ငါးသိန်းနှင့် ငှားရမ်းနိုင်ဖို့ ကနဦး လျာထားပြီး ပြည်ပကုမ္ပဏီများကိုတော့ ဈေးနှုန်းတစ်ခု သတ်မှတ်သွားရန် ရှိနေသည်။
ရော်ဘာစီးတီး စီမံကိန်း ထူထောင်မည့် လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး မွန်ပြည်နယ် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ် ကရင်တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးအောင်မြင့်ခိုင်၊ ဖုန်း 09979650505၊ 098701505 ကိုလည်း ဆက်သွယ်မေးမြန်းနိုင်သည်။

Facebook Comments