နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများရဲ့ ငွေကြေးစီမံခန့်ခွဲမှု(သို့) အခြားစာရင်း(Other Account) ဖျက်သိမ်းခြင်း

/ /

နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများရဲ့ ငွေကြေးစီမံခန့်ခွဲမှုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကစပြီး ပြောင်းလဲဆောင်ရွက်မှာဖြစ်ပါတယ်။ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေစာရင်း SEE Account ( UFA – SEE)နဲ့ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေစာရင်း Other Account (UFA – OA) နှစ်ခုရှိရာကနေ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများကို (UFA – SEE) Account တစ်ခုတည်းနဲ့သာ ဆောင်ရွက်စေမှာဖြစ်တယ်။ ကုန်သွယ်မှု (အရှုံး /အမြတ်)စာရင်းအရလည်းဝင်ငွေခွန်ပေးဆောင်ရန်၊ အမြတ်ငွေ အားလုံးကို နိုင်ငံတော်သို့ ထည့်ဝင်ငွေအဖြစ်ထည့်ဝင်ဖို့ ပြောင်းလဲသတ်မှတ်ပြီး UFA(OA) စာရင်းများကို စာရင်းစစ်ဆေးပြီးနောက် စနစ်တကျ ပိတ်သိမ်းသွားမှာဖြစ်တယ်။
၂၀၁၇ ဇန်နဝါရီမှာ နိုင်ငံပိုင်လုပ်ငန်းတွေက Other Account အနေနဲ့ သိမ်းထားတဲ့ ငွေ ကျပ် ၁၁ ဒသမ ၄၅ ထရီလီယံ( ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံ) Natural Resource Governance Institute နဲ့ Renaissance Institute တို့ ပူးတွဲပြုလုပ်တဲ့ State-Owned Economic Enterprise Reform in Myanmar:The Case of Natural Resource Enterprises သုတေသနအစီရင်ခံစာမှာ ဖော်ပြပါတယ်။ ၂၀၁၈ ဇန်နဝါရီမှာ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။
ငှားရမ်းခဟာ သူတို့အတွက် အဓိကဝင်ငွေဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ တယ်တော့ လိ်ုင်စင်ထုတ်ပေးတာတွေ၊ အမြတ်ဝေစုရရှိတာတွေ ဖက်စက်လုပ်ငန်းလုပ်တာကနေရတဲ့ ဝင်ငွေတွေကို အခြားစာရင်း(Other Account)အနေနဲ့ သူတို့ သိမ်းထားတာ၊ တစ်နှစ်ကို လက်ရှိ နိုင်ငံပိုင်လုပ်ငန်းတွေ လည်ပတ်သုံးစွဲနေမှုကနေကြည့်မယ်ဆိုရင် MOGE က အနည်းဆုံး ၇ နှစ်စာလောက် လက်ထဲမှာ စုဆောင်းငွေအနေနဲ့ ကိုင်ထားသလို မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း(MGE) က အနှစ် ၁၇၂ နှစ်စာ လက်ထဲမှာ စုဆောင်းငွေအနေနဲ့ကိုင်ထားတယ်လို့လည်း အစီရင်ခံစာကဆိုပါတယ်။
Other Account တွေဟာ မြန်မာကျပ်ငွေနဲ့ ကိုင်ထားရတာဖြစ်တဲ့အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲမှုနဲ့အတူ တကယ်တမ်းတော့ ဆုံးရှုံးပြီးရင်းဆုံးရှုံးခဲ့ပါတယ်။ ဒီငွေတွေကို ရင်းနှီးမြှုပ်နှံတာမျိုးလည်း မလုပ်ခဲ့ပါဘူး။ ဒီလိုမျိုးတွက်ကြည့်မယ်ဆိုရင် နိုင်ငံပိုင်လုပ်ငန်းတွေကနေ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းဆုံးရှုံးရမှုဟာ ဒေါ်လာ ၂ ဘီလီယံထက် ပိုမိုပါတယ်။ ဒီငွေတွေကို ပြည်ထောင်စုအစိုးရ ဘဏ္ဍာငွေထဲမှာသာ ထည့်လိုက်နိုင်မယ်ဆိုရင် အနည်းဆုံး ကျပ် ၂၈၀ဝ ဘီလီယံလောက်ကို ပြည်ထောင်စုအစိုးရ ဘတ်ဂျတ်ထဲဝင်သွားပြီး ပညာရေး၊ ကျန်းမာရေးနဲ့ အခြေခံအဆောက်အဦးကဏ္ဍတွေမှာ လိုငွေမပြဘဲ ပိုမိုသုံးစွဲနိုင်မယ်လို့ ဖော်ပြပါတယ်။
အစီရင်ခံစာအပြည့်အစုံကို အောက်ပါ link မှာ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

Facebook Comments