MPRL E&P Group of Companies ၏ ကမ်းလွန်ထောက်ပံ့ပို့ဆောင်ရေးစီမံကိန်းအချက်အလက်များ

/ /

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ကနေ ၂၀၁၇ ခုနှစ်က ခွင့်ပြုမိန့်ရရှိခဲ့တဲ့ MPRL E&P Group of Companies ၏ ကမ်းလွန်ထောက်ပံ့ပို့ဆောင်ရေးစီမံကိန်း က ၂၀၁၉ခုနှစ် ဧပြီလ ၂၄ရက်နေ့က သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုသက်သေခံလက်မှတ်(ECC) ရရှိခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။
ECC (Environmental Compliance Certificate ) ဆိုသည်မှာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာ(EIA Report) ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) က တရားဝင်အတည်ပြုကြောင်း ထုတ်ပြန်ထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် ဖြစ်ပါသည်။ ၄င်း လက်မှတ်တွင် စီမံကိန်းဆောင်ရွက်သူမှ လိုက်နာရမည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက်များ ပါဝင်သည်။
စီမံကိန်းနှင့်ပတ်သတ်သော အဓိကအချက်အလက်များ

  • ဧရာဝတီတိုင်းဒေသကြီး၊ငပုတောမြို့နယ် ၊နံသာပုကျေးရွာအုပ်စု ၊ပုလ္လင်ချိုင်ကမ်းခြေတွင် တည်ရှိပါသည်။
  • စီမံကိန်း ပထမအဆင့် အနေဖြင့် ဧက ၃၀ရှိပါမည်။
  • စီမံကိန်း ဒုတိယအဆင့်အနေဖြင့် ဧက (၁၂၀)(သို့) ဟတ်တာ (၅၀)ရှိပါမည်။
  • ဆိပ်ခံတံတားသည် ၉၈၅ပေ ရှည်ပြီး ၉၈ ပေ ကျယ်ပါမည်။
  • တာလမ်းသည် ၁၀၈၃ ပေ ရှည်ပြီး ပေ ၄၀ ကျယ်ဝန်းပါသည်။
  • ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်သွားမည်။
  • ဆိပ်ခံတံတားသည် စပါးထား ကျွန်းမှ ၂၆၂၅ ပေခန့် ၊တိုက်သုံးလုံးကျွန်းမှ ပေ ၆၅၆၂ကျော် ခန့် ကွာဝေးပါမည်။
    စီမံကိန်းနောက်ခံ
    မြင့်အင်(န်)အဆိုစီရိတ်(စ်) ကမ်းလွန်ဝန်ဆောင်မှုလုပ်ငန်းလီမိတက်သည် မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များတွင် ဆောင်ရွက်ဆဲနှင့် ၊နောင်ဆောင်ရွက်သွားမည့် ရေနံတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် အထောက်အပံ့ပစ္စည်းများ ပံ့ပိုးခြင်းများအပြင်၊ သယ်ယူပို့ဆောင်ခြင်း၊သိုလှောင်ခြင်း စသည့် ဝန်ဆောင်မှုများ ပေးနိုင်သည့် ကမ်းလွန်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုတည်ဆောက်လည်ပတ်ရန်ဖြစ်သည်။
    ထိုင်း၊စင်္ကာပူနှင့် မလေးရှားနိုင်ငံများရှိ ထောက်ပံ့ရေးအခြေစိုက်စခန်းများ နှင့်ယှဉ်ပြိုင်နိုင်မည့် နိုင်ငံတကာကမ်းလွန်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုရှိလာရန် ရည်ရွယ်ပါသည်။ငရုတ်ကောင်းဒေသရှိ ကမ်းလွန်ထောက်ပံ့ပို့ဆောင်ရေးစီမံကိန်းကို အမေရိကန်ဒေါ်လာသန်း၅၀ ကျော်ရင်းနှီးမြုပ်နှံသွားမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ အပြီးဆောက်လုပ်ဖို့ မျှော်မှန်းထားတယ်လို့လည်း ကုမ္ပဏီ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရသိရပါတယ်။
    အဲဒီ ကမ်းလွန်ထောက်ပံ့ပို့ဆောင်ရေးစခန်းကနေ ရခိုင်ပြည်နယ်တောင်ပိုင်းနှင့် မုတ္တမပင်လယ်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးကုမ္ပဏီတွေကို အထောက်အပံ့ပေးနိုင်ဖို့ ရည်ရွယ်တည်ဆောက်ထားတာဖြစ်တယ်လို့လည်းသိရပါတယ်။
    ကမ်းလွန်ထောက်ပံ့ပို့ဆောင်ရေးစီမံကိန်းနှင့်ပတ်သတ်ပြီး မေးမြန်းရန်
    ဦးတင့်ဆွေ
    Executive Director
    MPRL E&P Group of Companies
    ဝ၉-၅၁၉၆၇၇၀
    ပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ဆောင်ချက်များနှင့်ပတ်သတ်ပြီးမေးမြန်းရန်
    ဒေါ်မြတ်မွန်ဆွေ
    Senior Consultant
    ဝ၉-၄၂၀၁၁၁၉၀၂
Facebook Comments