Myanmar Global Investment Forum2018 ကို မီဒီယာသမားများ ကြိုတင်စာရင်းပေးနိင်

/ /

Myanmar Global Investment Forum ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ(၁၁-၁၂)ရက်နေ့တွေမှာ နေပြည်တော်ရှိ MICC II ခန်းမမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မြန်မာနိင်ငံရဲ့ စီးပွားရေးအဆောက်အအုံဖွံဖြိုးရေးအတွက် နှစ်စဉ်ကျင်းပတဲ့ ပွဲဖြစ်သလို နိုင်ငံတကာက ပညာရှင်တွေ၊စီးပွားရေး ပညာရှင်တွေ လာရောက်ကြမှာ ဖြစ်သလို ပြည်တွင်းက လုပ်ငန်းရှင်တွေလည်း တက်ရောက်ကြမှာပါ။ အထူးသဖြင့် စီးပွားရေးနဲ သက်ဆိုင်တဲ့ ဌာနဆိုင်ရာက တာဝန်ရှိသူတွေပါ တက်ရောက်မှာ ဖြစ်တာမို့ စီးပွားရေးသတင်းအချက်အလတ်တွေ များစွာ ရရှိမှာ ဖြစ်ပါတယ်။

မြန်မာနိင်ငံရဲ့ အခြေခံစီးပွားရေး အဆောက်အဦးကဏ္ဍ၊ ဘဏ်၊ငွေကြေးဈေးကွက်နဲ အာမခံကဏ္ဍ၊လယ်ယာစိုက်ပျိုးရေးကဏ္ဍ ၊စွန့်ဦးတီထွင်ကဏ္ဍ၊ Natural Resources ကဏ္ဍ၊ ခရီးသွား ကဏ္ဍ၊ ပညာရေး ကဏ္ဍ၊ထုက်လုပ်ရေး ကဏ္ဍ၊စွမ်းအင်း ကဏ္ဍ စတဲ့ အချက်တွေကို ဆွေးနွေးကြမှာ ဖြစ်သလို DICAက ဦးအောင်နိင်ဦးအပါအဝင်၊ ဦးသိမ်းဝေ(ခ) ဆပ်ချ်ပန်(FMI)၊ ဦးသူရိန်အောင် (Myanmar Japan Thilawa Development Limited)၊ဦးနေအောင်(Oway company)၊ဦးငွေထွန်း(Genius Coffee) စတဲ့ သူတွေ တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပြီး CB bamk၊GIZ၊ Yoma Bank ၊ Dawn Microfinance Company၊ Telenor Myanmar Ltd၊ Wave Money ၊Kelvin Chia Yangon၊ Union of Myanmar Travel Association က တာဝန်ရှိသူတွေလည်း တက်ရောက်ဆွေးနွေးကြမယ် လို ကနဦး သိရပါတယ်။

Myanmar global investment Forum 2018 ကို Euromoneyconferences က နှစ်စဉ်ကျင်းပပြုလုပ်နေတဲ့ ပွဲ ဖြစ်ပြီး နိုင်ငံတကာက လုပ်ငန်းရှင်တွေ အနေနဲလည်း မြန်မာကို လာရောက်ရင်းနှီးမြုပ်နှံဖို့ လာရောက်လေ့လာကြတဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ်။

ပွဲအစီအစဉ်ကို ဒီမှာ ကြည့်ပါ။

https://www.euromoneyconferences.com

တက်ရောက်ဖို့ အတွက် ကြိုတင်စာရင်းပေးရမှာ ဖြစ်သလို ပြည်တွင်းမီဒီယာတွေ အနေနဲလည်း တက်ရောက် သတင်းရယူနိင်ပါတယ်။

Online Register : Myanmar Global Investment Forum 2018 – Online Register

Facebook Comments