နမ္မတူမြစ်ပေါ် ရေကာတာစီမံကိန်းတွေ တည်ဆောက်နေမှု ဒေသခံတွေ ဘာကြောင့် ကန့်ကွက်ရတာလဲ

/ /

 

ရှမ်းပြည်နယ်အတွင်းရှိ နမ္မတူမြစ်ပေါ် ရေကာတာများ ဆောက်လုပ်နေမှုတို့ကို ဒေသခံတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပါတယ်။ အဓီက အချက်ကတော့ ပွင့်လင်းမြင်သာမှု မရှိတာရယ်၊ ဒေသပါတ်ဝန်းကျင် ပျက်ဆီးမှာကို စီုးရီမ်တာတွေရယ်ကြောင့် နဲ အတူ ဒေသခံလူတွေအတွက် အကျိုးစီးပွား မရှိဖူးလို့ ယူဆကြတဲ့ အတွက်ပါ။

အစိုးရအနေနဲလည်း တိုင်းပြည်ဖွံဖြိုးရေးအတွက် အခြေခံကျတဲ့ လျပ်စစ်မီးရရှိဖို့  ရနိင်သမျ ကြိုးစားနေသလို ဒေသခံတွေကလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်နေကြတာပါ။မြန်မာနိုင်ငံမှာ လျပ်စစ်မီး သုံးစွဲနိုင်သူဟာ နိုင်ငံလူဦးရေရဲ့ (၃၅)ရာခိုင်နူန်းလောက်ပဲ ရရှိနေပြီး(၆၅)ရာခိုင်နူန်းလောက်က လျပ်စစ်မီး မရရှိနေသေးချိန်မှာ ရေကာတာ တည်ဆောက်ပြီး လျပ်စစ်ထုက်ယူရေး စီမံကိန်းတွေဟာ အစိုးရ နဲ ဒေသခံတွေရဲ့ တိုက်ပွဲ ဖြစ်နေတာမို့ သတင်းဆောင်ပါးတွေအတွက် ရေးသားမယ်ဆို အများပြည်သူအတွက် အကျိုးရှိမယ့် အချက်အလက်တွေပါ။

ရေကာတာတွေ ဆောက် လျပ်စစ်မီးတွေ ထုတ်ယူနေပေမယ့် ဒေသခံတွေအတွက် အကျိုးမရှိမှု၊ ဆုံးရူံးမှုတွေသာ ရရှိပြီး ဒေသဖွံဖြိုးရေးအတွက် ရရှိတဲ့ လျပ်စစ်မီးတွေကို မဖြန့်တာတွေ၊ သဘာဝပါတ်ဝန်းကျင် ထိခိုက်ပျက်ဆီးတာမျိုးတွေဟာ ယခင်ဖြစ်ရပ်တွေမှာ ရှိပြီးသားမို့ ဒေသခံတွေက ကန့်ကွက်နေကြတာ တွေ့ရပါတယ်။ လက်ရှိမှာတေ့ာ အထက်ရဲရွှာ ရေကာတာကို တည်ဆောက်နေပြီး အလယ်ရဲရွှာ ရေကာတာနဲ နမ္မတူရေကာတာ စီမံကိန်းတွေကို တည်ဆောက်ဖို့ လျာထားတာ တွေ့ရပါတယ်။

၎င်းစီမံကိန်းစတင်အကောင်အထည်ဖော်ခဲ့သော ၂၀၀၈ ခုနှစ်ကတည်းကပွင့်လင်းမြင်သာမှုမရှိခဲ့ပေ။ စီမံကိန်း အကောင်အထည်မဖော်မည်ကာလတွင် ဒေသခံများနှင့် ဆွေးနွေးတိုင်ပင်ညှိ နှိုင်းမှုပြုလုပ်ခဲ့ခြင်းမရှိပဲဆောက်လုပ် ရေး စံချိန်စဲ ညွန်းမှာလည်း ရေကာတာကျိုးပြိုပျက်စီးမည့်ဆိုးကျိုးကိုစိုးရိမ်ကြောက်ရွံ့မှုများရှိနေတာ တွေ့ရပါတယ်။

၂၀၁၈ခုနှစ် ဩဂုက်လ(၁၁)ရက်နေ့ကလည်း လွှတ်တော်အဖွဲ့ဝင်များ နှင့် လွှတ်တော်ကော် မတီများအပါအဝင်၊ လွှတ်တော်   အမတ် (၄၀) ဦးတို့သည် တာလုံဒေသခံ ရွာသူ ရွာသားများနှင့် တွေ့ဆုံ ပြီး နမ္မတူမြစ် (ခေါ်) မြစ်ငယ် မြစ် ပေါ် အငြင်းပွားဖွယ်ရေကာတာနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းပဋိပက္ခ ဇုန်များတွင် ဒေသခံရွာသူ ရွာသားများ၏ အခက်အခဲများကိုဆွေးနွေးခဲ့ကြတယ် လို့ သိရပါတယ်။

၂၀၁ဝ ခုနှစ်တွင် နမ္မတူမြစ်ပေါ်၌ ကျောက်ဆည်မြို့နယ် မန္တလေးတိုင်းဒေသတွင် ရဲရွာရေကာတာ တည် ဆောက်ပြီးစီးခဲ့ပြီး ၎င်းမြစ်ပေါ်တွင် နောက်ထက် ရေကာတာ ၄ ခုတည်ဆောက်ရန်အစီစဉ်ရှိသည်။ မန္တလေး တိုင်းဒေသ ၁ ခု နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းတွင် သုံးခု ပါဝင်တယ် လို့ ဆိုပါတယ်။

နမ္မတူမြစ်ပေါ်တွင် အငြင်းဖွယ်ရှိ ရေကာတာစီမံကိန်း လေးခုအနက် အထက်ရဲရွာစီမံကိန်း တစ်ခုဖြစ်ပြီး ပဋ္ဋိပက္ခ များ ဖြစ်ပေါ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တည်ရှိပါတယ်။ တရုတ်၊ ဂျပန်၊ ဆွစ်ဇာလန် နှင့် ဂျာမဏီနိုင်ငံ ကုမ္ပဏီများသည် ယင်းစီမံကိန်းတွင် ပါဝင်ပတ်သက်နေ­တယ် ဆိုတဲ့အတွက် စီမံကိန်းတွေမှာ တရုက်ကိုသာ ကန့်ကွက်နေတာ မဟုက်တော့ပဲ အခြားနိုင်ငံတွေလည်း ရင်းနှီးမြုပ်နှံမှုတွေနဲ ပါတ်သက်ပြီး ကန့်ကွက်တာတွေ ကြုံလာနေရပြီကို တွေ့ရပါတယ်။

အထက်ရဲရွာ ရေကာတာသည် ဝမ်တာလုံ ကျေးရွာ လုံးလုံးနှစ်မြှပ်နိုင်ပြီး ထိုရွာတွင် လူဦးရေပေါင်း(၆၇၃)ဦး မှီတင်းနေထိုင် လျှက်ရှိသည်။ ထိုနေရာသည် ရှေးဟောင်းသမိုင်းဝင်နေရာလည်းဖြစ်ပြီး စိုက်ပျိုးရန်အတွက် မြေဩဇာ ကောင်းသောနေရာလည်းဖြစ်သဖြင့် သားစဉ်မြေးဆက်အတွက် လက်ဆင့်ကမ်းအမွေဆက်ခံခဲ့ သည့်နေ ရာလည်း ဖြစ်တယ် လို့ ဆိုပါတယ်။

နမ္မတူမြစ်သည် ကျောက်ကြံ ့ ငလျင်ကြောတစ်လျောက် တွင် စီးဆင်းနေပြီး ၁၉၁၂ ခုနှစ်တွင် မြန်မာနိုင်ငံတွင် အကြီးမားဆုံးသောငလျင်ကြောနေရာဖြစ်သည်ဟု သမိုင်းရှိခဲ့သည်။ ငလျင်ကြော သည် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို မြို့နယ်၊ ကျောက်မဲ ခရိုင် ကိုုဖြတ်သည့် ငလျင်ကြောနေရာဖြစ်သည်။ ထိုနေရာကို   မီဂါဝပ် ၇၀ဝ ထွက်မည့်  အလယ်ရဲရွာရေကာတာအား နော်ဝေ မှ တည်ဆောက်ဖို့ စီစဉ်လျက်ရှိသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပါတီအဖွဲ့ဝင်များက  ဒေသခံပြည်သူလူထု များနှင့်အတူ ရပ်တည်ထားသည်။

၎င်းစီမံကိန်း ပြီးစီးပါက တာလုံကျေးရွှာတွင် နေထိုင်သူ လူဦးရေ(၆၇၃)ဦး၊ ဥယျာဉ်ခြံမြေ(၁၈၄)ဧက၊ လယ်မြေ (၁၇၄)ဧက၊ ရေတွက်၍ မရနိင်သော တောင်ယာစိုက်ခင်းများ၊ စေတီပုထိုးများ၊ဘုန်းတော်ကြီးကျောင်း နှင့် စာသင်ကျောင်းများ ရေအောက် နှစ်မြုပ်ဖွယ်ရာ ရှိသည် ဟု ဖော်ပြထားသည်။ ကျောက်မဲမြို့အနီး တည်ဆောက်လျှက် ရှိနေသော အထက်ရဲရွှာ ရေကာတာသည် ဆောက်လုပ်ရေး အားနည်းချက်ကြောင့် မြေခဏခဏ ပြိုကျမှုတို့ ရှိနေတယ် လို့ ဆိုပါတယ်။

အလယ်ရဲရွှာရေကာတာစီမံကိန်းကို နော်ဝေနိင်ငံမှ ရင်းနှီးမြုပ်နှံထားခြင်းဖြစ်ပြီး ငလျင်ကြောနှင့် နီးစပ်နေတာကို တွေ့ရှိရသည်။ ဒီရေကာတာတွေ ရပ်ဆိုင်းဖို့ အသိပညာပေး စည်းရုံးနေတဲ့ အဖွဲ့အစည်းတွေနဲ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ဖော်ပြလိုက်ပါတယ်။

အများပြည်သူ အသိပညာပေးစည်းရုံးသည့် လူထုအခြေပြုအဖွဲ့အစည်း

  • ရှမ်းပြည်နယ်တောင်သူလယ်သမားများကွန်ယက်
  • ရှမ်းလူငယ်ကွန်ယက်
  • ရှမ်းလူငယ်အင်အားစည်းလုံးမှုအဖွဲ့
  • ဝမ်းမော
  • ရှမ်းအမျိုးသမီးရေးရာလှုပ်ရှားဆောင်ရွက်ရေးအသင်း
  • ဘိုးတော်ကျောင်းပရဟိတ
  • အမျိုးသမီးစွမ်းဆောင်ရှင်ကွန်ယက်
  • ရွှေသီပေါ (အမျိုးသမီးအဖွဲ့)
  • ဇာတ်စုလူငယ်အဖွဲ့
  • သီပေါအမျိုးသမီးကွန်ယက်
  • ရပ်ရွာပြည်သူလူထုကျေးရွာ ကိုယ်စားလှယ် (၃၇) ရွာ

 

ဆက်သွယ်ရန်

နန်းငယ်ငယ်     +၉၅ (၀) ၉ ၂၆၂၁၀၈၀၆၂

နန်းခင်မာအေး  +၉၅ (၀) ၉ ၇၈၁၁၆၉၃၁၆

စိုင်းထေး         +၉၅ (၀) ၉ ၄၄၄၉၉၇၇၃၈

ကိုဖုန်းကျော်    +၉၅ (၀) ၉ ၄၅၇၈၉၈၃၁၈

စိုင်းဖုန်းမြင့် (ခ)  ထမ်းအိုက်    +၉၅ (၀) ၉ ၉၇၁၈၇၉၉၈၂

အချက်အလက်များကို Action for Shan State Rivers ထံမှ ရရှိသည်။

 

Facebook Comments