ဇီဝမျိုးစုံ မျိုးကွဲ နှင့် သဘာဝနယ်မြေများကာကွယ်စောင့်ရှောက်ရေး ဥပဒေရေးဆွဲဖို့အတွက် မြို ့လေးမြို ့တွင် ဆွေးနွေးပွဲများ ပြုလုပ်မည်

/ /

သစ်တောဦးစီးငှာနမှ ဇီဝမျိုးစုံ မျိုးကွဲ နှင့် သဘာဝနယ်မြေများကာကွယ်ဆောင်လျှောက်ရေး ဥပဒေရေးဆွဲဖို့အတွက် ထားဝယ်၊ရန်ကုန်၊ မန္တလေး နဲ မြစ်ကြီးနား မြို့တို့မှာ အကျိုးသက်ဆိုင်သူတို့နှင့် ဆွေးနွေးအကြံပြုချက် ရယူခြင်း ဆွေးနွေးပွဲတွေ ပြုလုပ်မယ် လို့ ဆိုပါတယ်။ သဘာဝသစ်တောနယ်မြေတွေမှာ လုပ်ငန်းရှင်တွေအနေနဲ ကိုယ့်ကျိုးစီးပွားအတွက် မြေရယူခြင်း၊ စီးပွားရေးကဏ္ဍအတွက် သစ် အလွန်အကျွံခုတ်ခြင်း၊ စိုက်ပျိုးမြေအဖြစ် နယ်မြေရှင်းလင်းခြင်းနဲ ့ အခြားစီးပွားဖြစ်လုပ်ငန်းတွေ ဆောင်ရွှက်တဲ့အတွက် သစ်တောနယ်မြေတွေ ပျက်ဆီးနေတာတွေ ရှိပါတယ်။ ဒီကဏ္ဍနဲ ပါတ်သက်ပြီးလည်း ဆွေးနွေး အဖြေရှာကြမယ့် သဘောရှိပါတယ်။

ထားဝယ်မြို့မှာ ဩဂုတ်လ(၁၄)ရက်နေ့၊ရန်ကုန်မြို့မှာ ဩဂုတ်လ(၂၁)ရက်နေ့၊ မန္တလေးမြို့မှာ ဩဂုတ်လ(၂၈)ရက်နေ့၊မြစ်ကြီးနားမြို့မှာ ဩဂုက်လ(၃၁)ရက်နေ့တွေမှာ ကျင်းပပြုလုပ်မယ် လို့ ဖော်ပြထားပါတယ်။

ပြည်နယ်ဒေသအချို့မှာ အစိုးရက စီမံကိန်းတွေ တည်ဆောက်နေတာ၊ လုပ်ငန်းရှင်တွေက သဘာဝ ဘေးမဲ့တောတွေကို ဥယျာဉ်ခြံမြေက အစ ပုံစံ(၁၀၅)၊ လူနေထိုင်ခွင့်၊ လုပ်ငန်းဆောင်ရွှက်ခွင့်တွေအထိ ဆောင်ရွက်ကာ ပါတ်ဝန်းကျင်ထိခိုက်ပျက်ဆီးစေမယ့် အချက်တွေကို ပြုမှုနေကြတာတွေ ရှိတာမို့ အခုလို ဆွေးနွေးပွဲတွေကနေလည်း စီးပွားရေး သတင်းအတွက် အချက်အလက်တွေ ရရှိနိင်မယ် လို့ ယူဆပါတယ်။

မည်သူမဆို တက်ရောက်လို့ ရပြီး နည်းဥပဒေ ပေါ်ပေါက်လာဖို့ အထိ ဖြစ်တာမို့ အများပြည်သူအတွက် အကျိုးရှိစေမယ်လို့ ယုံကြည်ပါတယ်။

Facebook Comments