ဧရာဝတီတိုင်းဒေသကြီးစက်မှုလယ်ယာကူးပြောင်းရေး စက်ကရိယာလိုအပ်ချက်နဲ့ ပတ်သတ်တဲ့အချက်အလက်များ

/ /

မိုးစပါးစိုက်ဧက ၃၇သိန်းနီးပါး ၊နွေစပါးစိုက်ဧက ၁၄သိန်းကျော်ရှိနေတဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ စက်မှုလယ်ယာစနစ်ကိုကူးပြောင်းဖို့က လိုအပ်ချက်တစ်ခုပါ။
လုပ်သားရှားပါးမှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကြားက လယ်ယာလုပ်ငန်းတွေကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ဖို့ဆိုတာက စက်ယန္တရားတွေရဲ့ အကူအညီက အရေးပါတဲ့ အခြေအနေ ဖြစ်နေပါပြီ။
တောင်သူတွေကလည်း သီးနှံပျက်စီးမှု ကို လျှော့ချနိုင်ဖို့ အချိန်မီပြီးစီးနိုင်ဖို့ လိုအပ်တဲ့ယန္တရားတွေကို တစ်နိုင်တစ်ပိုင်ဝယ်ယူတာတွေ လည်းရှိသလို စက်ယန္တရားတွေဝယ်ယူပြီး လယ်ယာသုံးစက်ကရိယာငှားရမ်းတဲ့လုပ်ငန်းတွေကိုလုပ်ကိုင်တဲ့သူတွေလည်းရှိပါတယ်။
တောင်သူတွေအနေနဲ့ လယ်ယာသုံးစက်ကရိယာတွေဝယ်ယူဖို့ဆိုတာက လည်း သိန်းရာကျော်တန်ဖိုးရှိတဲ့ စက်ယန္တရားတွေက ဝင်ငွေနဲ့နီးစပ်မှုမရှိတာမျိုးတွေလည်းရှိနေပါတယ်။
မြန်မာ့စီးပွားရေးဘဏ်၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့်သမဝါယမဦးစီးဌာနတွေက ပေးတဲ့ ချေးငွေအမျိုးအစားတွေနဲ့ ဝယ်ယူတာကရော ခရီးပေါက်ပါရဲ့လား၊
ပြည်တွင်းကို ဝင်ရောက်နေတဲ့ စက်ယန္တရားတွေရဲ့ အရည်အသွေးကရော ဘယ်လိုအခြေအနေရှိနေပါသလဲ။ဘယ်ဌာနတွေက တောင်သူအကျိုးစီးပွားကာကွယ်တဲ့အနေနဲ့ ဘယ်လိုသွင်းပေးနေတာလဲ
တင်သွင်းဖြန့်ချီတာတွေလုပ်နေတဲ့ ကုမ္ပဏီတွေရဲ့ တာဝန်ယူမှုတာဝန်ခံမှုတွေကရော ဘယ်လိုအခြေအနေရှိပါသလဲ
အဲ့ဒီလိုအကြောင်းအရာတွေက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးနှင့် စက်မှုလယ်ယာကူးပြောင်းရေးအပြင် သွင်းကုန်စက်မှုပစ္စည်းတွေရဲ့အရည်အသွေး ဝင်ရောက်မှုပုံစံနဲ့ ကုန်သွယ်မှုလိုငွေ စတာတွေကို ချိတ်ဆက်နေတာပါ။
အဲ့ဒီအခြေအနေတွေကို သတင်းနှင့်သတင်းဆောင်းပါးတွေရေးသားရာမှာ အထောက်အကူဖြစ်စေဖို့ စက်မှုလယ်ယာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး) ရဲ့ စက်မှုလယ်ယာကူးပြောင်းရေးအတွက် ၂၀၁၈ခုနှစ်က ပြုစုထားတဲ့ စက်ကရိယာလိုအပ်ချက်စာရင်းကို စုစည်းပေးလိုက်ရပါတယ်။

မြို့နယ်အလိုက်လယ်ယာသုံးစက်ကိရိယာလိုအပ်မှုပြဇယား


ရင်းမြစ် ဧရာဝတီတိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာန

Facebook Comments