ဧရာဝတီတိုင်းဒေသကြီးလမ်းများတံတားများဥပဒေအကြောင်း

/ /

ဧရာဝတီတိုင်းဒေသကြီးလမ်းများတံတားများဥပဒေကို ပထမအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ ၂၀၁၄ ခုနှစ်က ပြဌာန်းခဲ့တာပါ။
ဥပဒေရဲ့ ရည်ရွယ်ချက်တွေထဲမှာ လမ်းနှင့်တံတားတွေပေါ်မှာ ဖြတ်သန်းသွားလာအသုံးပြုတဲ့နေရာမှာ စနစ်တကျကြီးကြပ်ကွပ်ကဲနိုင်ဖို့နဲ့တိုင်းဒေသကြီးအတွက် အခွန်အခများရရှိနိုင်ဖို့ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။
အဲ့ဒီဥပဒေမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့လုပ်ပိုင်ခွင့်ကို လုပ်ထုံးလုပ်နည်းနဲ့အညီ အသုံးပြုခွင့်ကောက်ခံရမယ့်လမ်းနှင့်တံတားတွေသတ်မှတ်ပေးဖို့၊ကောက်ခံရမယ့်နှုန်းထား၊ယာဉ်အမျိုးအစားနှင့်ဝန်အလေးချိန်သတ်မှတ်ဖို့ ၊အသုံးပြုခကောက်ခံခြင်းကနေ ကင်းလွတ်ပေးဖို့ဆိုတဲ့အချက်တွေလည်းပါဝင်ပါတယ်။
အဲ့ဒီဥပဒေမှာ တားမြစ်ချက်တွေနဲ့ ပြစ်မှုပြစ်ဒဏ်တွေကလည်း လမ်းအသုံးပြုခကောက်ခံတဲ့အခြေအနေတွေပေါ်မူတည်ပြီး သတ်မှတ်ထားတာကို တွေ့ရပါတယ်။
အဲ့ဒီအပြင် လမ်းတွေရဲ့နယ်နမိတ်တွေထဲမှာ အဆောက်အဦးဆောက်လုပ်တာတွေနဲ့ ကျူးကျော်နေထိုင်တာ ကန်တူးဖော်တာတွေကို တားမြစ်ထားတဲ့ အပြစ်ဒဏ်တွေလည်းပါဝင်ပါတယ်။
အစိုးရအဖွဲ့အနေနဲ့လည်းလိုအပ်တဲ့ နည်းဥပဒေတွေ ညွန်ကြားချက်တွေထုတ်ပြန်နိုင်ပြီး ဝန်ကြီကလည်း လိုအပ်တဲ့အမိန့်ကြော်ငြာစာတွေ အမိန့်နဲ့ညွှန်ကြားချက်တွေ ထုတ်ပြန်နိုင်တယ်လို့လည်းပါဝင်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးလမ်းများတံတားများဥပဒေအတိုင်း ဆောင်ရွက် နေတာတွေ အရေးယူတာတွေက စိတ်ဝင်စားစရာပါ။ အဲ့ဒီအခြေအနေနဲ့ပတ်သတ်တဲ့သတင်းနှင့် သတင်းဆောင်းပါးတွေ ရေးသားရာမှာ ကိုးကားနိုင်ဖို့ ရှာဖွေပေးလိုက်ရပါတယ်။


ဧရာဝတီတိုင်းဒေသကြီးလမ်းများတံတားများဥပဒေ


ရင်းမြစ် – ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်

Facebook Comments