ယခုဘဏ္ဍာနှစ်အတွင်း မွန်ပြည်နယ်၌ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အခြေအနေ

/ /

မွန်ပြည်နယ်မှာ ယခုဘဏ္ဍာရေးနှစ် ဇူလိုင်လကုန်အထိ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၁၄ ခုကို ထပ်မံ ခွင့်ပြုပေးထားကြောင်း မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရ သိရသည်။
ထပ်မံ ခွင့်ပြုပေးထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၀ ခုမှာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ ဦးဆောင်သည့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အမေရိကန် ဒေါ်လာ ၅ သန်းအောက် လုပ်ငန်းများကို ခွင့်ပြုပေးနေခြင်းဖြစ်ပြီး၊ ယင်းကော်မတီက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၂ ခု၊ တန်းဖို ကန်ဒေါ်လာ ၇ ဒသမ ၈၅ သန်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၈ ခု ၊ တန်းဖို ကျပ်သန်း ၂၈၀ဝ၀ ကျော်ကို ခွင့်ပြုပေးထားသည်။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၄ ခုအနက် ယခု ဘဏ္ဍာရေးနှစ်အတွင်းမူ မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၂ ခု ၊ တန်ဖိုး ကျပ်သန်းပေါင်း ၈၇၀ဝ၀ ကျော်နှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၂ခု ၊ တန်းဖို ကန်ဒေါ်လာ ၁၃၇ ဒသမ ၆ သန်းကျော်ကို ခွင့်ပြုပေးခဲ့သည်။
ခွင့််ပြုပေးခဲ့သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ဆိပ်ကမ်း တည်ဆောက်ပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီ သိုလှောင် ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းအအပြင် ဟိုတယ် တည်ဆောက်ခြင်းနှင့် အခြားဝန်ဆောင်မှု ကဏ္ဍ ပါဝင်နေသည်။ နိုင်ငံအနေဖြင့် တရုတ်၊ ဂျပန်၊ ဗီယက်နမ်နှင့် စင်င်္ကာပူ နိုင်ငံများတို့က လာရောက် ရင်းနှီးမြှုပ်နှံထားသည်။
ထူးခြားမှုအနေဖြင့် ချောင်းဆုံမြို့နယ်ကတော့ အစိုးရ သက်တမ်း နှစ်ခုအထိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု တစ်စုံ တစ်ရာ ဝင်ရောက်လာခြင်း မရှိသေးပေ။
သတင်းသမားများအနေဖြင့် ချောင်းဆုံမြို့နယ်၌ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာရေးအတွက် အစိုးရ၏ လုပ်ဆောင်ချက်များနှင့် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာရေးအတွက် စိန်ခေါ်နေသည့် အခြေအနေ အပါအဝင် အစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်ထားသင့်သည့် ကိစ္စရပ်များကို ရေးသားနိုင်သည်။
ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့် ပတ်သက်ပြီး မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသိန်းဦး ဖုန်း ဝ၉၄၄၉၂၅၂၆၄၁ အား ဆက်သွယ်မေးမြန်းနိုင်သည်။

Facebook Comments