အခွန်ထမ်းတွေနဲ့ အခွန်ရုံးဝန်ထမ်းတွေအပေါ် ကြီးမားစွာသက်ရောက်စေမယ့် အခွန်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ

/ /

အခွန်ထမ်းနဲ့ အခွန်ရုံးဝန်ထမ်းတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေပါတဲ့ အခွန်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၉ ခုနှစ် ဇွန် ၁၀ ရက်မှာ ပြဌာန်းလိုက်ပါတယ်။
ဒီဥပဒေဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ရက်မှာ စတင် အကျုံးဝင်မှာဖြစ်ပါတယ်။
ဒီဥပေဒအရ အခွန်ကို ပြီးခဲ့တဲ့ ၁၂ နှစ်အထိ နောက်ကြောင်းပြန်လိုက်ပြီးကောက်မယ့် ဥပဒေလည်းဖြစ်သလို အခွန်ရှောင်ရှားမှုအတွက် ထောင်ဒဏ် ၇ နှစ်နဲ့ အခွန်ရှောင်ခဲ့တဲ့ ကာလတစ်လျှောက်လုံးက အခွန်တွေ ပြန်ဆောင်စေပြီး ဒီပမာဏရဲ့ ၁၀ဝ ရာခိုင်နှုန်းကို ဒဏ်ရိုက်ခံရမယ့် ဥပဒေလည်းဖြစ်ပါတယ်။
ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို အခွန်ကောက်ခံမှုဆိုင်ရာ ကိစ္စအဝဝအတွက် အပြည့်အဝတာဝန်ပေးထားပါတယ်။
ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်တွေနဲ့ ဥပဒေတစ်ရပ်ရပ်အရ ညွှန်ကြားရေးမှူးချုပ်ကို တာဝန်အပ်နှင်းထားတဲ့ အခွန်တွေပါဝင်ပါတယ်။ ဒီကိစ္စတွေဆောင်ရွက်ရာမှာ ညွှန်ကြားရေးမှူးချုပ်ဟာ ပြင်ပက ကျွမ်းကျင်ပညာရှင်တွေကိုလည်း ခေါ်ယူအသှုံးပြုနိုင်ပါတယ်။
အခွန်တာဝန်ခံအရာရှိဟာ လိုအပ်ရင်လိုအပ်သလို တရားရုံးက ခွင့်ပြုချက်နဲ့ လုပ်ငန်းတွေရဲ့ စာရွက်စာတမ်းတွေနဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဆေးခွင့်ရှိပါတယ်။ အခွန်ထမ်းခွင့်ပြုရင် သို့မဟုတ် ၂၄ နာရီ ကြိုတင်အကြောင်းကြားခဲ့ရင်လည်း အခုလို ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ မိတ္တူကူးတာ၊ တရားရုံးအမိန့်နဲ သိမ်းဆည်းတာတွေ ဆောင်ရွက်နိုင်ပါတယ်။ လိုအပ်ရင် လိုအပ်သလို ရဲတပ်ဖွဲ့ကိုလည်း အကြောင်းကြားနိုင်ပါတယ်။
သက်တမ်းကုန်ဆုံးခဲ့တဲ့ ကာလရဲ့ ၆ နှစ်အတွင်း ပြန်စည်းကြပ်နိုင်တယ်။ ပျက်ကွက်ခဲ့တဲ့ အခွန်အတွက် ၁၂ နှစ်အထိ ပြန်ကောက်နိုင်တယ်။
အခွန်ရှောင်ဖို့ လုပ်ကြံဖန်တီးထားတဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းစဉ်းစားစရာမလိုဘဲ လက်ရှိပကတိ စီးပွားရေးအခြေအနေပေါ်စည်းကြပ် ောက်ခံမှာဖြစ်ပါတယ်။ အခွန်မဆောင်လဲ ဖျက်သိမ်းသွားတဲ့ ကုမ္ပဏီတွေလည်း အခွန်ပြန်ဆောင်ရမယ်။ မဖျက်သိမ်းခင် တစ်နှစ်အထိ ရခဲ့တဲ့ငွေအပေါ်မှာ ရှယ်ယာရှင်တွေက အခွန်ပေးဆောင်ရမယ်။ ကုမ္ပဏီဖျက်သိမ်းလို့ခွဲဝေရရှိတဲ့ ငွေကြေးအပေါ်မှာလည်း တာဝန်ရှိတယ်။
အခွန်ရှောင်ဖို့ အားပေးကူညီသူ သတင်းအချက်အလက် သိုဝှက်သူကိုလည်း ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်နိုင်ပါတယ်။

ဥပဒေအပြည့်အစုံကို အောက်ပါ link မှာ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

Facebook Comments