E-Visa ရှိသည့် နိုင်ငံခြားသားများ အနေနှင့် တမူး နှင့် ရိခေါရ် နယ်စပ်ဂိက်များမှတဆင့် ဝင်ရောက်ခွင့် ပြု

/ /

မြန်မာနိုင်ငံသို့ လာရောက်လိုသူ နိုင်ငံခြားသားများ အနေနှင့် နိုင်ငံကူးလက်မှတ် နှင့် သတ်တမ်းအပြည့် ပြည်ဝင် ဗီဇ ရှိပါက အိနိ္ဒယ မြန်မာ နယ်စပ်ရှိ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်ထွက်ပေါက် ဂိက်(၂)ခု ဖြစ်သည့် တမူးနှင့် ရိခေါရ် အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်ထွက်ဂိက်(၂)ခု တို့မှ E visa ဖြင့် ဝင်ရောက်လိုပါက ခွင့်ပြုသည့် နိုင်ငံအမည်စာရင်းတွင် ပါဝင်လျှင်  တဆင့် မြန်မာနိုင်ငံကို ဝင်ရောက် သွားလာခွင့် ပြုပေးလိုက်ကြောင်း ၂၀၁၈ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့တွင် အိနိ္ဒယရှိ နယူးဒေလီ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

E visa ရရှိသည့် နိုင်ငံသား ဖြစ်ရန် လိုအပ်ပြီး လက်ရှိ မြန်မာနိုင်ငံကို တိုက်ရိုက်ဝင်ရောက်ခွင့် ရှီသည့် အပြည်ပြည်ဆိုင်ရာ ဝင်ထွက် ဂိက်တို့မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊တာချီလိက် အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်ထွက် ဂိက်၊ မြဝတီ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်ထွက် ဂိက်၊ကော့သောင်း အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိက်၊ တမူး အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိက် နှင့် ရိခေါရ် အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိက် ဟု၍ (၈)နေရာ ခွင့်ပြုထားပါတယ်။

Facebook Comments