ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ စိုက်ပျိုးရေးမွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ ရေလုပ်ငန်းဖွံ့ဖြိုးဖို့အတွက် ငါးနှစ်တာမျှော်မှန်းချက်အစီအမံတွေ ရေးဆွဲထားပြီးဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့စိုက်ပျိုးရေးမွေးမြူရေးဝန်ကြီးဌာနက မူဝါဒတွေ မျှော်မှန်းချက်တွေကို ရေးဆွဲချမှတ်ထားပြီး အောက်ပါဦးစီးဌာနတွေကိုကြီးကြပ်ရပါတယ်။ စိုက်ပျိုးရေးဦးစီးဌာန ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန စက်မှုလယ်ယာဦးစီးဌာန သမဝါယမဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ငါးလုပ်ငန်းဦးစီးဌာန သစ်တောဦးစီးဌာနတို့ကို